Skip to main content
APEX.BUSINESS &
VOCATIONAL TRAINING

F&B Service English – 50 Professional Sentences for Real Restaurant Situations

APEX INSIGHTS / F&B SERVICE ENGLISH

Confident service.
From first hello
to last goodbye.

Restaurant လုပ်ငန်းခွင်သုံး
Professional English စကားပြော ၅၀

MENU

50 PHRASES · FROM WELCOME TO FAREWELL

Hotel, Resort, Fine Dining နဲ့ Restaurant တွေမှာ အလုပ်လုပ်နေတဲ့ F&B Service Professionals တွေအတွက် လက်တွေ့အသုံးဝင်တဲ့ English စကားပြော ၅၀

Hospitality Industry မှာ English ပြောတတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဧည့်သည်တွေနဲ့ ဆက်ဆံတဲ့အခါ သင့်တော်တဲ့ စကားလုံးတွေကို ရွေးချယ်ပြီး ယဉ်ကျေးစွာ၊ ရှင်းလင်းစွာနဲ့ Professional ကျကျ ပြောဆိုနိုင်ဖို့လည်း အရေးကြီးပါတယ်။

ဒီနေ့မှာတော့ Restaurant Service Sequence အလိုက် လက်တွေ့လုပ်ငန်းခွင်မှာ အသုံးပြုနိုင်တဲ့ English စကားပြော ၅၀ ကို မြန်မာဘာသာပြန်နဲ့အတူ လေ့လာကြည့်ရအောင်။

1. Welcoming & Seating Guests

ဧည့်သည်ကြိုဆိုခြင်းနှင့် နေရာချထားပေးခြင်း

  1. 1

    Good evening. Welcome to our restaurant. Do you have a reservation with us?

    မင်္ဂလာညနေခင်းပါရှင့်/ခင်ဗျာ။ ကျွန်တော်တို့ စားသောက်ဆိုင်ကနေ ကြိုဆိုပါတယ်။ စားပွဲကြိုတင်မှာယူထားတာ ရှိပါသလား။

  2. 2

    May I have the name on your reservation, please?

    စားပွဲကြိုတင်မှာယူထားတဲ့ နာမည်လေး သိခွင့်ပြုပါဦးရှင့်/ခင်ဗျာ။

  3. 3

    Your table is ready. Please follow me.

    လူကြီးမင်းတို့ရဲ့ စားပွဲ အဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော့်/ကျွန်မနောက်ကို ကြွပေးပါရှင့်/ခင်ဗျာ။

  4. 4

    Would you prefer to sit inside or outside?

    စားသောက်ဆိုင်အတွင်းဘက်နဲ့ အပြင်ဘက် ဘယ်နေရာမှာ ထိုင်ချင်ပါသလဲ။

  5. 5

    I’m afraid your table isn’t quite ready yet. May I invite you to wait in our lounge?

    လူကြီးမင်းတို့ရဲ့ စားပွဲက အဆင်သင့်မဖြစ်သေးလို့ တောင်းပန်ပါတယ်။ Lounge မှာ ခဏထိုင်စောင့်ပေးဖို့ ဖိတ်ခေါ်ပါရစေ။

  6. 6

    Is this table suitable for you, or would you prefer somewhere quieter?

    ဒီစားပွဲနေရာလေး အဆင်ပြေပါသလား။ ဒါမှမဟုတ် ပိုပြီးတိတ်ဆိတ်တဲ့ နေရာမျိုးကို နှစ်သက်ပါသလား။

  7. 7

    Please watch your step as you come down the stairs.

    လှေကားဆင်းတဲ့အခါ ခြေလှမ်းလေး သတိထားပေးပါရှင့်/ခင်ဗျာ။

2. Menu Presentation & Recommendations

Menu မိတ်ဆက်ခြင်းနှင့် အကြံပြုပေးခြင်း

  1. 8

    May I offer you some water while you look through the menu?

    Menu ကြည့်နေစဉ်အတွင်း သောက်ရေ ဝန်ဆောင်မှုပေးလို့ရမလား။

  2. 9

    Would you like me to walk you through our menu?

    ကျွန်တော်တို့ရဲ့ Menu အကြောင်း အနည်းငယ် ရှင်းပြပေးရမလား။

  3. 10

    If you’re looking for something local, I’d recommend our Southern Thai curry.

    ဒေသခံအစားအစာမျိုး သုံးဆောင်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ထိုင်းတောင်ပိုင်းဟင်းတစ်မျိုးကို အကြံပြုချင်ပါတယ်။

  4. 11

    This dish is quite spicy. Would you prefer something milder?

    ဒီဟင်းပွဲက အတော်လေးစပ်ပါတယ်။ အစပ်နည်းတဲ့ ဟင်းပွဲမျိုးကို ပိုနှစ်သက်ပါသလား။

  5. 12

    The grilled sea bass is one of our most popular dishes. It’s served with a light lemon sauce.

    ငါးကင်ဟင်းပွဲက ကျွန်တော်တို့ဆိုင်မှာ လူကြိုက်များတဲ့ ဟင်းပွဲတွေထဲက တစ်ခုပါ။ Lemon Sauce အပျော့စားနဲ့ တွဲဖက်ဝန်ဆောင်မှုပေးပါတယ်။

  6. 13

    I’m afraid we’re out of the lobster this evening. May I recommend the grilled prawns instead?

    ဒီညအတွက် Lobster ကုန်သွားလို့ တောင်းပန်ပါတယ်။ အဲဒီအစား ပုစွန်ကင်ကို အကြံပြုပေးလို့ရမလား။

  7. 14

    Would you like a little more time to decide, or may I help you with a recommendation?

    ဟင်းပွဲရွေးချယ်ဖို့ အချိန်နည်းနည်း ထပ်လိုပါသလား။ ဒါမှမဟုတ် အကြံပြုပေးရမလား။

3. Dietary Requirements & Allergies

အစားအသောက်ကန့်သတ်ချက်နှင့် ဓာတ်မတည့်မှုများ

  1. 15

    Before you order, may I check if anyone has any food allergies or dietary requirements?

    အစားအသောက်မမှာယူခင် ဧည့်သည်တွေထဲမှာ Food Allergy ဒါမှမဟုတ် အစားအသောက်ဆိုင်ရာ ကန့်သတ်ချက်တစ်ခုခုရှိပါသလားဆိုတာ မေးမြန်းပါရစေ။

  2. 16

    Thank you for letting me know. I’ll check the ingredients with our chef before confirming your order.

    ကြိုတင်အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အော်ဒါကို အတည်မပြုခင် ပါဝင်ပစ္စည်းတွေကို Chef နဲ့ စစ်ဆေးပေးပါမယ်။

  3. 17

    May I ask which ingredients you are allergic to?

    ဘယ်လိုပါဝင်ပစ္စည်းတွေကို ဓာတ်မတည့်တာလဲဆိုတာ မေးမြန်းလို့ရမလား။

  4. 18

    I’ll speak with our chef about your allergy and confirm what options we can safely offer.

    လူကြီးမင်းရဲ့ ဓာတ်မတည့်မှုအကြောင်း Chef နဲ့ ဆွေးနွေးပြီး ဘေးကင်းစွာ ပြင်ဆင်ပေးနိုင်မယ့် ဟင်းပွဲတွေကို အတည်ပြုပေးပါမယ်။

  5. 19

    Would you like us to prepare this dish without chili, if possible?

    ဖြစ်နိုင်မယ်ဆိုရင် ဒီဟင်းပွဲကို ငရုတ်သီးမထည့်ဘဲ ပြင်ဆင်ပေးရမလား။

  6. 20

    Let me check whether we can make that substitution for you.

    လူကြီးမင်းတောင်းဆိုတဲ့ ပါဝင်ပစ္စည်းအစားထိုးမှုကို ဆောင်ရွက်ပေးနိုင်မလား စစ်ဆေးပေးပါမယ်။

4. Taking & Confirming Orders

အစားအသောက်အော်ဒါယူခြင်းနှင့် အတည်ပြုခြင်း

  1. 21

    Are you ready to order, or would you like a few more minutes?

    အစားအသောက်မှာယူဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒါမှမဟုတ် အချိန်နည်းနည်း ထပ်လိုပါသလား။

  2. 22

    How would you like your steak cooked — medium rare, medium, or well done?

    Steak ကို Medium Rare၊ Medium ဒါမှမဟုတ် Well Done ဘယ်လိုအကျက်မျိုး ပြင်ဆင်ပေးရမလဲ။

  3. 23

    Would you prefer the sauce on the side or served with the steak?

    Sauce ကို သီးခြားခွဲပြီး ဝန်ဆောင်မှုပေးရမလား။ ဒါမှမဟုတ် Steak နဲ့အတူ ထည့်ပေးရမလား။

  4. 24

    Would you like the dishes to come out as they’re ready, or would you prefer them served together?

    ဟင်းပွဲတွေကို ပြင်ဆင်ပြီးတာနဲ့ တစ်ပွဲချင်း ဝန်ဆောင်မှုပေးရမလား။ ဒါမှမဟုတ် အားလုံးတစ်ချိန်တည်း ဝန်ဆောင်မှုပေးရမလား။

  5. 25

    Just to confirm, that’s two grilled salmon, one medium rib-eye, and a side of mashed potatoes. Is that correct?

    အော်ဒါလေး ပြန်လည်အတည်ပြုပါရစေ။ Grilled Salmon နှစ်ပွဲ၊ Medium Rib-eye တစ်ပွဲနဲ့ Mashed Potatoes တစ်ပွဲနော်။ မှန်ပါသလား။

  6. 26

    Thank you. I’ll send your order through to the kitchen now.

    ကျေးဇူးတင်ပါတယ်။ လူကြီးမင်းတို့ရဲ့ အော်ဒါကို Kitchen ဆီ အခုပဲ ပို့ပေးပါမယ်။

5. Beverage & Wine Service

သောက်စရာနှင့် ဝိုင်ဝန်ဆောင်မှု

  1. 27

    May I get you something to drink while the kitchen prepares your food?

    Kitchen က အစားအသောက်ပြင်ဆင်နေစဉ်အတွင်း သောက်စရာတစ်ခုခု ဝန်ဆောင်မှုပေးရမလား။

  2. 28

    Would you prefer still water or sparkling water?

    ရိုးရိုးသောက်ရေနဲ့ Sparkling Water ဘယ်ဟာကို ပိုနှစ်သက်ပါသလဲ။

  3. 29

    Are you looking for something refreshing, or would you prefer a cocktail?

    လန်းဆန်းစေမယ့် သောက်စရာမျိုး ရှာနေတာလား။ ဒါမှမဟုတ် Cocktail တစ်မျိုးမျိုးကို ပိုနှစ်သက်ပါသလား။

  4. 30

    May I recommend a glass of Sauvignon Blanc to go with your seafood?

    လူကြီးမင်းမှာယူထားတဲ့ Seafood နဲ့ တွဲဖက်သုံးဆောင်ဖို့ Sauvignon Blanc ဝိုင်တစ်ခွက် အကြံပြုပေးလို့ရမလား။

  5. 31

    Would you like to taste the wine before I serve it?

    ဝိုင်ကို ဝန်ဆောင်မှုမပေးခင် အရသာအရင်မြည်းစမ်းကြည့်လိုပါသလား။

  6. 32

    May I top up your wine glass?

    လူကြီးမင်းရဲ့ ဝိုင်ခွက်ထဲကို ဝိုင်ထပ်ဖြည့်ပေးလို့ရမလား။

6. Serving Food & Checking Satisfaction

အစားအသောက်ဝန်ဆောင်မှုနှင့် ကျေနပ်မှုစစ်ဆေးခြင်း

  1. 33

    Excuse me, your starters are ready. May I serve them now?

    တစ်ဆိတ်လောက်ပါ။ လူကြီးမင်းတို့ရဲ့ Starter ဟင်းပွဲတွေ အဆင်သင့်ဖြစ်ပါပြီ။ အခု ဝန်ဆောင်မှုပေးလို့ရမလား။

  2. 34

    Here’s your grilled sea bass, with the sauce on the side as requested.

    ဒါကတော့ လူကြီးမင်းမှာယူထားတဲ့ Grilled Sea Bass ပါ။ တောင်းဆိုထားတဲ့အတိုင်း Sauce ကို သီးခြားခွဲပေးထားပါတယ်။

  3. 35

    Please be careful, the plate is quite hot.

    ပန်းကန်အတော်လေးပူနေတဲ့အတွက် သတိထားပေးပါရှင့်/ခင်ဗျာ။

  4. 36

    Is everything prepared to your liking?

    အစားအသောက်အားလုံး လူကြီးမင်းစိတ်တိုင်းကျ ပြင်ဆင်ပေးထားပါသလား။

  5. 37

    How are you finding the steak? Is it cooked the way you like it?

    Steak က အဆင်ပြေပါသလား။ လူကြီးမင်းနှစ်သက်တဲ့ အကျက်အတိုင်း ဖြစ်ပါသလား။

  6. 38

    Would you like anything else to go with your meal?

    အစားအသောက်နဲ့အတူ နောက်ထပ်တစ်ခုခု သုံးဆောင်လိုပါသလား။

  7. 39

    May I clear these plates, or are you still enjoying your meal?

    ဒီပန်းကန်တွေကို သိမ်းပေးလို့ရပြီလား။ ဒါမှမဟုတ် သုံးဆောင်နေတုန်းပဲလားရှင့်/ခင်ဗျာ။

  8. 40

    Would you like a short break before we serve your main course?

    Main Course မဝန်ဆောင်မှုပေးခင် ခဏနားချင်ပါသလား။

7. Handling Guest Complaints & Service Recovery

ဧည့်သည်တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း

  1. 41

    I’m very sorry your food is taking longer than expected. Let me check with the kitchen and update you.

    အစားအသောက်က မျှော်လင့်ထားတာထက် နောက်ကျနေလို့ တောင်းပန်ပါတယ်။ Kitchen နဲ့ စစ်ဆေးပြီး လူကြီးမင်းကို ပြန်လည်အသိပေးပါမယ်။

  2. 42

    I understand your concern, and I sincerely apologize for the inconvenience.

    လူကြီးမင်းရဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုကို နားလည်ပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ အဆင်မပြေမှုအတွက် စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်။

  3. 43

    I’m sorry the steak isn’t cooked to your preference. May I arrange to have it prepared again?

    Steak က လူကြီးမင်းမှာယူထားတဲ့ အကျက်အတိုင်း မဖြစ်ခဲ့လို့ တောင်းပန်ပါတယ်။ အသစ်ပြန်လည်ပြင်ဆင်ပေးဖို့ စီစဉ်ပေးရမလား။

  4. 44

    Thank you for bringing this to our attention. I’ll inform my manager right away.

    ဒီကိစ္စကို ကျွန်တော်တို့ သိရှိအောင် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Manager ကို ချက်ချင်းအသိပေးပါမယ်။

  5. 45

    I’ve spoken with the kitchen, and your replacement dish is being prepared now.

    Kitchen နဲ့ ဆွေးနွေးပြီးပါပြီ။ လူကြီးမင်းအတွက် အစားထိုးဟင်းပွဲကို အခု ပြန်လည်ပြင်ဆင်ပေးနေပါတယ်။

  6. 46

    I just wanted to check that everything is all right now.

    အခု အားလုံးအဆင်ပြေသွားပြီလားဆိုတာ ပြန်လည်စစ်ဆေးမေးမြန်းချင်လို့ပါရှင့်/ခင်ဗျာ။

8. Dessert, Billing & Farewell

အချိုပွဲ၊ ငွေရှင်းခြင်းနှင့် ဧည့်သည်နှုတ်ဆက်ခြင်း

  1. 47

    Would you care to see our dessert menu, or perhaps have some coffee or tea?

    အချိုပွဲ Menu ကို ကြည့်ရှုလိုပါသလား။ ဒါမှမဟုတ် ကော်ဖီ၊ လက်ဖက်ရည် တစ်ခုခု သုံးဆောင်လိုပါသလား။

  2. 48

    Certainly. Would you like the bill together or separately?

    ဟုတ်ကဲ့ပါ။ ကျသင့်ငွေကို စုပေါင်းရှင်းမလား၊ တစ်ဦးချင်း ခွဲရှင်းမလားရှင့်/ခင်ဗျာ။

  3. 49

    Here is your bill. Please take your time, and let me know when you’re ready.

    ဒါကတော့ လူကြီးမင်းတို့ရဲ့ Bill ပါ။ အေးအေးဆေးဆေး စစ်ဆေးနိုင်ပါတယ်။ ငွေရှင်းဖို့ အဆင်သင့်ဖြစ်ရင် အသိပေးပါရှင့်/ခင်ဗျာ။

  4. 50

    Thank you for dining with us this evening. We hope to welcome you back again soon.

    ဒီညနေခင်းမှာ ကျွန်တော်တို့စားသောက်ဆိုင်ကို လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မကြာခင် ထပ်မံကြိုဆိုခွင့်ရဖို့ မျှော်လင့်ပါတယ်။

#HospitalityEnglish #FoodAndBeverage #RestaurantService #HospitalityTraining #EnglishForHotelStaff #ServiceExcellence #MyanmarHospitality