Housekeeping
English, made easy.
Hotel Housekeeping ဝန်ထမ်းများအတွက်
လုပ်ငန်းခွင်သုံး English စကားပြော ၃၀
ဟိုတယ် Housekeeping လုပ်ငန်းခွင်မှာ ဧည့်သည်တွေနဲ့ ယဉ်ကျေးရှင်းလင်းစွာ ပြောဆိုဆက်ဆံနိုင်ဖို့ အသုံးဝင်တဲ့ English စကားပြော ၃၀ ကို မြန်မာဘာသာပြန်နဲ့အတူ စုစည်းပေးထားပါတယ်။ နေ့စဉ်ကြုံတွေ့ရတဲ့ အခြေအနေ ၅ မျိုးအလိုက် လေ့လာပြီး လက်တွေ့အသုံးချနိုင်ပါတယ်။
1. Greeting & Entering Guest Rooms
- 1
Good morning! Housekeeping service.
မင်္ဂလာနံနက်ခင်းပါရှင့်/ခင်ဗျာ။ Housekeeping ဌာနကပါ။
- 2
May I come in, please?
အခန်းထဲကို ဝင်ခွင့်ပြုပါဦးရှင့်/ခင်ဗျာ။
- 3
Is this a convenient time to clean your room?
အခုအချိန် အခန်းသန့်ရှင်းရေးလုပ်ပေးဖို့ အဆင်ပြေပါသလား။
- 4
Would you like me to come back later?
နောက်မှ ပြန်လာပေးရမလားရှင့်/ခင်ဗျာ။
- 5
What time would be convenient for you?
လူကြီးမင်းအတွက် ဘယ်အချိန်က အဆင်ပြေမလဲရှင့်/ခင်ဗျာ။
2. Room Cleaning & Housekeeping Services
- 6
May I clean your room now?
အခု အခန်းသန့်ရှင်းရေးလုပ်ပေးလို့ ရပါသလား။
- 7
Would you like your bed linens changed?
အိပ်ရာခင်းတွေ လဲပေးစေချင်ပါသလား။
- 8
May I replace your used towels?
အသုံးပြုပြီးသား မျက်နှာသုတ်ပဝါတွေကို အသစ်လဲပေးလို့ရမလား။
- 9
Would you like some fresh towels?
သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါအသစ်တွေ ထပ်လိုပါသလား။
- 10
I’ll clean the bathroom for you.
ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ပေးပါမယ်ရှင့်/ခင်ဗျာ။
- 11
May I empty your waste bin?
အမှိုက်ပုံးကို ရှင်းပေးလို့ရမလား။
- 12
I’ve finished cleaning your room.
လူကြီးမင်းရဲ့အခန်းကို သန့်ရှင်းရေးလုပ်ပြီးပါပြီ။
3. Guest Requests & Assistance
- 13
How may I assist you?
လူကြီးမင်းကို ဘာများကူညီပေးရမလဲရှင့်/ခင်ဗျာ။
- 14
Certainly, I’ll bring it to your room right away.
ဟုတ်ကဲ့ပါ။ အခန်းကို ချက်ချင်းယူလာပေးပါမယ်။
- 15
Would you like some extra pillows?
ခေါင်းအုံးတွေ ထပ်လိုပါသလား။
- 16
I’ll bring you an extra blanket.
စောင်တစ်ထည် ထပ်ယူလာပေးပါမယ်။
- 17
May I refill your bottled water?
သောက်ရေဘူးတွေ ထပ်ဖြည့်ပေးလို့ရမလား။
- 18
I’ll arrange that for you.
လူကြီးမင်းအတွက် စီစဉ်ပေးပါမယ်။
- 19
Allow me a moment to check that for you.
လူကြီးမင်းအတွက် စစ်ဆေးပေးပါရစေရှင့်/ခင်ဗျာ။
- 20
Is there anything else I can assist you with?
နောက်ထပ် ဘာများကူညီပေးရဦးမလဲရှင့်/ခင်ဗျာ။
4. Guest Complaints & Service Recovery
- 21
I sincerely apologize for the inconvenience.
အဆင်မပြေမှုအတွက် အနူးအညွတ်တောင်းပန်ပါတယ်။
- 22
I’m sorry your room was not cleaned properly.
လူကြီးမင်းရဲ့အခန်းကို သေချာသန့်ရှင်းရေးမလုပ်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။
- 23
I’ll inform my supervisor immediately.
ကျွန်တော့်/ကျွန်မရဲ့ Supervisor ကို ချက်ချင်းအကြောင်းကြားပေးပါမယ်။
- 24
Thank you for bringing this to our attention.
ဒီကိစ္စကို ကျွန်တော်တို့ သိရှိအောင် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
- 25
We’ll take care of this as soon as possible.
ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါမယ်။
5. Lost & Found, Privacy & Farewell
- 26
Did you happen to leave any belongings in the room?
လူကြီးမင်းရဲ့ ပစ္စည်းတစ်ခုခု အခန်းထဲမှာ ကျန်ခဲ့တာများရှိပါသလား။
- 27
I’ll check with our Lost and Found department.
Lost and Found ဌာနနဲ့ စစ်ဆေးပေးပါမယ်။
- 28
We respect your privacy and will return at your preferred time.
လူကြီးမင်းရဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်မှုကို လေးစားပါတယ်။ လူကြီးမင်းအဆင်ပြေတဲ့အချိန်မှာ ပြန်လာပေးပါမယ်။
- 29
Thank you for your patience and understanding.
စိတ်ရှည်စွာ စောင့်ဆိုင်းပြီး နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
- 30
Have a wonderful day, and enjoy your stay with us!
ကောင်းမွန်တဲ့နေ့လေး ဖြစ်ပါစေ။ ကျွန်တော်တို့ဟိုတယ်မှာ သာယာပျော်ရွှင်စွာ တည်းခိုနိုင်ပါစေရှင့်/ခင်ဗျာ။